Thursday, February 2, 2012

မြတ်ဗုဒ္ဓ၏ဖြစ်တော်စဉ် (အပိုင်းငါး)


၅။ ဗုဒ္ဓဘုရားရှင်၏ ပစ္ဆိမမဗောဓိအချိန်ပိုင်း
            ပထမပိုင်း ဝါတော် နှစ်ဆယ်လွန်သောအခါ မြတ်စွာဘုရား၏ သက်တော်မှာလည်း ငါးဆယ့် ငါးနှစ်အရွယ်ဖြစ်လာသည်။ အသက်အရွယ်အိုမင်း လာသည်နှင့် ဒုတိယပိုင်းဝါတော်၂၁ ဝါမှသည် ၄၄ ဝါအထိ ပစ္ဆိမဗောဓိ (၂၄ နှစ်) တွင် ကောသလတိုင်း၊ သာဝတ္ထိပြည်ကိုအမှီပြု၍ အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းအပ်သော ဇေတဝန်ကျောင်း တိုက်ကြီး၌ လည်းကောင်း၊ ဝိသာခါ သူဌေးမကြီး ဆောက်လုပ်လှူဒါန်းအပ်သော ပုဗ္ဗာရုံကျောင်း တိုက်ကြီး၌ လည်းကောင်း၊ ၂၄ ဝါပတ်လုံးလုံး ဝါဆိုဝါကပ်တော်မူလေသည်။ 
            ဝါကျွတ်သောအခါမှ သာလျှင် ထိုထို မြို့ရွာများသို့ဒေသစာရီ ကြွချီတော်မူပြီး ဝါဆိုချိန်တွင် အထက်ပါ ကျောင်းတိုက်ကြီး နှစ်တိုက်ဆီသို့သာ ကြွရောက်ဝါဆိုဝါကပ်တော် မူပါသည်။ ထိုနောက် သက်တော်ရှစ်ဆယ်အရွယ်၊ ဝါတော်အားဖြင့် ၄၅ ဝါအရောက်တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခါနီးပြီ ဖြစ်၍ ဝေသာလီပြည်၊ ဝေဠုဝရွာ ငယ်၌ နောက်ဆုံး ၄၅ ဝါမြောက် ဝါဆို ဝါကပ်တော် မူပါသည်။ မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အဂါင်္နေ့တွင် မလ္လမင်းတို့၏ အင်ကြင်းဥယျာဉ် (ကုသိနာရုံ) တွင် ပရိနိဗ္ဗာန် စံတော်မူပါသတည်း။


"ဗုဒ္ဓုပ္ပတ္တိသက္ကရာဇ်အကျဉ်း"

မဟာသက္ကရာဇ်
နေ့ရက်
အကြောင်းအရာ
၆၇
ဝါဆိုလပြည့်
ကြာသပတေး
ပဋိသန္ဓေယူသည်။
၆၈
ကဆုန်လပြည့်
သောကြာ
ဖွားမြင်တော်မူသည်။
၉၆
ကဆုန်လပြည့်

နိမိတ်ကြီးလေးပါးမြင်သည်။
၉၇
ဝါဆိုလပြည့်
တနင်္လာ
တောထွက်တော်မူ၏
၁၀၃
ကဆုန်လပြည့်
ဗုဒ္ဓဟူး
ဘုရားဖြစ်တော်မူသည်။
၁၀၃
ဝါဆိုလပြည့်
စနေ
ဓမ္မစကြာတရားဟော။
၁ဝ၃
ဝါဆိုလပြည့်ကျော်(၅)
ကြာသပတေး
အနတ္တလက္ခဏသုတ်။
၁၄၈
ကဆုန်လပြည့်
အင်္ဂါ
ပရိနိဗ္ဗာန်စံယူသည်။
၁၄၈
ကဆုန်လပြည့်ကျော်(၅)
တနင်္ဂနွေ
တေဇောဓာတ်လောင်။
၁၄၈
နယုန်လဆန်း(၁)
ကြာသပတေး
ဓာတ်တော်ဝေသည်။
၁၄၈
ဝါဆိုလပြည့်ကျော်(၁)

ပထမသင်္ဂါယနာတင်။



မှတ်ချက်။   ။ကဆုန်လပြည့်နေ့ကို ဖွား မြင် ပွင့် စံ ဟူ၍ လည်းကောင်း၊
               ဝါဆိုလပြည့်နေ့ကို သန္ဓေ တော ထွက် ဓမ္မစက် ဟူ၍လည်းကောင်း 
               အတိုမှတ်ကြလေသည်။  
 မှတ်ချက်။      ။ ဝါ က ဝါ ကဝါ က က ။ မ သိ ကြ လျှင်တွေး ဦး ဟူ၍လည်း
                  ဗုဒ္ဓနှင့်ပတ်သက် နေ့ထူးနေ့မြတ် ခုနှစ်ရက်ကို အတိုမှတ်ကြလေသည်။


ဆက်ရန်ရှိသေးသည်။

No comments:

Post a Comment

မဟာရံသီ ဘလောက်ကို လာလည်သူအပေါင်း ကျန်းမာ ချမ်းသာကြပါစေ။